Mother & Child Podcast

ကိုယ်ဝန်ဆောင်ကာလအတွင်း ဝမ်းချုပ်ခြင်း

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 5:47

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းက ဘာလဲ?

 

ကိုယ်ဝန်ဆောင်ကာလမှာ သင့်ခန္ဓာကိုယ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါတယ်။  ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရ ပါတယ်။  ထို အကြောင်းတရားများထဲမှ အနည်းငယ်ကို ဒီစာစုမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ကိုယ်ဝန် ကာလမှာ ထွက်တဲ့ ဟော်မုန်းတွေဟာ  အူလမ်းကြောင်းလှုပ်ရှားမှုတွေကို ထိခိုက်စေပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးစေတဲ့ အကြောင်းရင်းများထဲမှာ ‌ဒီဟော်မုန်းများလည်း ပါဝင်ပါတယ်။ 

အူလမ်းကြောင်းမှ ရေစုပ်ယူမှု ကလည်း တိုးလာပါတယ်။  ရေကို လုံလောက်စွာ မသောက်ခြင်းက ဝမ်းချုပ်တာကို ပိုဆိုးစေနိုင်ပါတယ်။ကိုယ်ဝန်ရှိလာတာနဲ့အမျှ သားအိမ်က အရွယ်အစား ကြီးလာပါတယ်။  သားအိမ် အရွယ်အစား ကြီးလာခြင်းကလည်း  အူတွေကို ဖိအားဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် ဝမ်းချုပ်တဲ့ဒုက္ခ တိုးလာနိုင်ပါတယ်။  ဒီလို ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကို ထပ်ပြီး ပံ့ပိုးတာကတော့ သင့်ရဲ့ စိတ်ခံစားမှုနှင့် စိတ်အခြေအနေများ ဖြစ်ပြီး ဒါတွေကလည်း ဝမ်းချုပ်ခြင်းကို တိုးစေပါတယ်။