Mother & Child Podcast

ကိုယ်ဝန်ဆောင်ချိန်တွင် ခြေသလုံး ကြွက်တက်ခြင်း (အပိုင်း ၂)

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 3:59

ခြေထောက် ကြွက်တက်ခြင်း ဆိုတာ ဘာလဲ?

ခြေထောက်ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ  ဒုတိယ ရက်သတ္တပတ် ၁၂ ပတ်တာ ကာလမှာ အဖြစ်များတဲ့ ပြဿနာ ဖြစ်ပါတယ်။ ကြွက်တက်တယ်ဆိုတာ ကြွက်သားအစု‌အဝေးတွေမှာ သူ့အလိုလို ကျုံ့အား၊ ညှစ်အားများပြီး တောင့်တင်း‌နေတာကို ခေါ်ပါတယ်။ ဒီလို လှုပ်ရှားမှုတွေရဲ့ ပြင်းအားပေါ်မူတည်ပြီး ခံစားရတဲ့ နာကျင်မှုကတော့ ကွာခြားနိုင်ပါတယ်။ တစ်ခါ ဖြစ်ရင် စက္ကန့် အနည်းငယ် မှ မိနစ်ပိုင်း အထိ ကြာနိုင်ပါတယ်။ 1

အဖြစ်များတဲ့ ကြွက်သားအစုအဝေးတွေကတော့ ခြေသလုံးကြွက်သားတွေပါ။ တခါတရံ ခြေဖဝါး၊ ပေါင်ရင်း၊ ပေါင် နှင့် အခြား ကြွက်သား တွေမှာလည်း ဖြစ်နိုင်ပါတယ်။ 

ကြွက်တက်ခြင်းဟာ ညဘက်မှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မိခင်လောင်းဟာ အိပ်ပျော်ရန် အခက်အခဲ ဖြစ်ရပါတယ်။