Mother & Child Podcast

သင့်ရင်သွေးအတွက်  ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၂)

Health@Home Season 1 Episode 2

သင့်ရင်‌‌သွေးကို ဘာကြောင့် ကာကွယ်ဆေးထိုးသင့်သလဲ?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ကာကွယ်ဆေးထိုးခြင်းဖြင့်  နှစ်စဉ် ကလေး လေးသန်းကျော်ကို ကူးစက်တတ်သော ရောဂါအမျိုးမျိုးမှ ကယ်တင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။  ကာကွယ်ဆေးမရှိပါက ကလေးများဟာ ဦးနှောက်အမြှေးရောင်၊ ဝက်သက်၊ မေးခိုင်၊ အဆုတ်ရောင်၊ ပိုလီယို စသည်တို့ကဲ့သို့ ပြင်းထန်သောရောဂါများ ဖြစ်နိုင်ချေ အလွန်များပါတယ်။ သင့်ရဲ့ ကလေးကို ကာကွယ်ဆေးထိုးခြင်းဟာ ဒီ ရောဂါပိုးများနှင့် ဒါတွေကြောင့် ဖြစ်ရတဲ့ ရောဂါများမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။  မွေးကင်းစ ရင်သွေးငယ်များဟာ ဒီရောဂါများ ကူးစက်ရင် ဆေးရုံတက်ရပြီး  ပြင်းထန်နိုင်ချေ  ပိုများပါတယ်။  ကလေး ငယ်များ အသက် ၁၂ လမှ ၁၈ လအတွင်း ကာကွယ်ဆေးထိုးရန် မဖြစ်မ​နေ လုပ်ရပါမယ်။