Mother & Child Podcast

သင့်ရင်သွေးအတွက်  ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၃)

Health@Home Season 1 Episode 3

သင့်ကလေးကို ကာကွယ်ဆေး မပြတ်အောင် ထိုးကြပါစို့။

ကာကွယ်ဆေးထိုးခြင်းဟာ သတ်မှတ်ထားတဲ့ ကူးစက်တတ်သော ရောဂါပိုးများနှင့် ရောဂါများကို ကာကွယ် ပေးပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။  ယနေ့ခေတ် အခါမှာ ပိုလီယို နှင့်  ဆုံဆို့နာကဲ့သို့ ရောဂါအချို့ဟာ ဖြစ်နှုန်း မရှိတော့ပေမယ့် သင့်ကလေးငယ်ကို ကာကွယ်ဆေး သေချာ ထိုးနှံပေးခြင်းဖြင့် ရောဂါကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ဆက်ပြီး တည်ရှိ ကာကွယ်နိုင်နေအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။