Mother & Child Podcast

ကိုယ်ဝန်ဆောင်ကာလ၏ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်း (အပိုင်း ၁) Handling emotional impact of pregnancy (Part 1)

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 5:28

ကိုယ်ဝန်ဆောင်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများက အချက်များစွာကြောင့် ဖြစ်ရပါတယ်။ ကိုယ်ဝန် ဆောင်ဟော်မုန်းများမှာ ထိုအချက်များထဲက တစ်ခုပါ။ သင်ဟာ ရာသီလာရင် စိတ်အတက်အကျတွေ ဖြစ်တတ် ပါသလား? ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ စိတ်အခန့်မသင့်ခြင်းကလည်း အဲ့လိုစိတ်အတက်အကျတွေလိုပါပဲ။ အချို့လူ တွေမှာ ရာသီလာရင်ဖြစ်တဲ့ စိတ်အတက်အကျတွေထက် ပိုတောင် ဆိုးနိုင်ပါတယ်။ 

 

သင့်ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းပမာဏများစွာ နဲ့ ရင်ဆိုင်နေရပါတယ်။ ဟော်မုန်းများ ဟာ ဖွံ့ဖြိုးဆဲကလေးငယ် ကျန်းမာစေရေးအတွက် မရှိမဖြစ်လိုအပ်တာ မှန်ပေမယ့် သင့်အတွက်လည်း ပေးဆပ် ရတာတွေ ရှိပါတယ်။   ဒီဟော်မုန်းတွေက သင့်စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်။  ကိုယ်ဝန် ပထမ (၁၂) ပတ်တာ ကာလမှာ ခံစားရတဲ့ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း တို့ကလည်း  သင့်ကိုထပ်ပြီး ပင်ပန်းစေနိုင်ပါတယ်။  အထူး သဖြင့် ဒီပထမ (၁၂)ပတ်တာကာလမှာ  စိတ်အပြောင်းအလဲ‌တွေ အလွန်အဖြစ်များ တတ်ပါတယ်။