Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဇွန်လ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ် | ကမ္ဘောဒီးယားနိုင်ငံ၏ ဒုက္ခဆင်းရဲခံစားနေရသောသူများအတွက် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဇွန်လ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ်
ကမ္ဘောဒီးယားနိုင်ငံ၏ ဒုက္ခဆင်းရဲခံစားနေရသောသူများအတွက် ဆုတောင်းချက်များ
စစ်ပွဲကြောင့်ခံစားရသောဒုက္ခဆင်းရဲ: တိုင်းပြည်တွင်း စစ်ပွဲကြောင့် ဆင်းရဲဒုက္ခခံစားနေရသော သူများအတွက် ဆုတောင်းပါ။
ဆင်းရဲမွဲတေမှု: ဆင်းရဲမွဲတေမှုထဲ၌ အသက်ရှင်နေရသောသူများအား ဘုရားသခင်ထောက်ပံ့ပေးရန်နှင့် ထိုတိုင်းနိုင်ငံများ စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာရန်ဆုတောင်းပါ။
နိုင်ငံရေးဖိနှိပ်မှုများ: ထိုနိုင်ငံများ၌ ငြိမ်းချမ်းခြင်း၊ လွတ်လပ်စွာနေထိုင်နိုင်ခြင်း၊ တရားမျှတခြင်းရရှိရန်ဆုတောင်းပါ။