Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဇူလိုင် ၇: ဇူလိုင်လ၏ ပထမဆုတောင်းခြင်းအစီအစဉ် ခရစ်ယာန်များသည် သာသနာအတွက် နိုးကြားနေစေရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ခရစ်ယာန်များသည် သာသနာအတွက် နိုးကြားနေစေရန် ဆုတောင်းချက်များ
သဘောပေါက်နားလည်သွားသောအခိုက်အတန့်- ကမ္ဘာတစ်ဝန်းရှိခရစ်ယာန်များသည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဝိညာဉ်တိုက်ပွဲကို တစ်ထောင့်တစ်နေရာကနေတိုက်ရန် တာဝန်ရှိကြောင်း သဘောပေါက်နားလည်ရန် ဆုတောင်းပါ။
အားလုံးမှာတာဝန်ရှိသည်- ဘုရားသခင်၏သာသနာတွင်ပါဝင်ရန် ခရစ်ယာန်တိုင်းအတွက် နေရာရှိကြောင်းနားလည်ရန် ဆုတောင်းပါ။
ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု- ယုံကြည်သူတိုင်းသည် အချိန်၊ ငွေကြေး၊ အစွမ်းအစများနှင့် အရင်းအမြစ်များကို ဘုရားသခင်၏နိုင်ငံတော်အတွက် ပါဝင်ဆက်ကပ်ကြရန် ဆုတောင်းပါ။