Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဇူလိုင်လ၏ တတိယဆုတောင်းခြင်းအစီအစဉ် | အယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ
အယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ
အယူခံဝင်ဆုတောင်းသူများ သာ၍စိတ်အားထက်သန်မှုရှိရန်- အယူခံဝင်ဆုတောင်းသူများသည် ဘုရားသခင်၏သတင်းကောင်း ကမ္ဘာပေါ်တွင်ပျံ့နှံ့စေရန် စိတ်အားထက်သန်စွာ ဆုတောင်းကြရန် ဆုတောင်းပါ။
အခွင့်အာဏာကိုသိခြင်း- အယူခံဝင်ဆုတောင်းသူများသည် ခရစ်တော်ပေးထားသော အခွင့်အာဏာအားဖြင့် နိုင်ငံများကိုပြောင်းလဲစေရန် ဆုတောင်းတတ်သူများ ဖြစ်ဖို့ ဆုတောင်းပါ။
ရန်သူ၏လုပ်ဆောင်မှုတွေကိုဆီးတားရန်- အားကြီးသောဆုတောင်းခြင်းအားဖြင့် စာတန်၏လုပ်ရပ်များကို ချေမှုန်းရန် ဆုတောင်းပါ။