Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဇူလိုင်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဟောပြောဝေငှနေသောအမှုတော်ဆောင် မိသားစုဝင်များအတွက် ဆုတောင်းချက်များ
ဟောပြောဝေငှနေသောအမှုတော်ဆောင် မိသားစုဝင်များအတွက် ဆုတောင်းချက်များ
ဟောပြောဝေငှနေသော အမှုတော်ဆောင်များ၏မိဘများနှင့် မိသားစုဝင်များအတွက် ဆုတောင်းပါ။-အမှုတော်ဆောင်များ၏မိဘများနှင့် မိသားစုဝင်များသည် သူတို့၏သားသမီးများကို မယုံကြည်သူနိုင်ငံများသို့သွားရောက် ဟောပြောရန် ခွင့်ပြုနိုင်ဖို့ ဆုတောင်းပါ။
မိဘများသည် သူတို့၏သားသမီးများကို ဘုရားသခင်ထံအပ်နှံရန်- မိဘများ၊ ဘိုးဘွားများသည် သူတို့၏သားသမီး မြေးမြစ်များအား ဘုရားသခင်၏နိုင်ငံတော်အတွက် ဆက်ကပ်ကြရန် ဆုတောင်းပါ။
လူငယ်များ၏အသက်တာ၌ ကောင်းမွန်စွာ လမ်းပြခြင်းရရှိရန်- မိဘများ သင်းအုပ်ဆရာများ လူငယ်သင်းအုပ်များသည် လူငယ်များ၏ခေါ်ခြင်းအပေါ်မှာ ကောင်းမွန်စွာ ထိန်းကျောင်းလမ်းပြပေးတတ်ရန် ဆုတောင်းပါ။