Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဩဂုတ်လ၏ ပထမဆုတောင်းခြင်းအစီအစဉ် ဗီယက်နမ်လူမျိုးများ ဘုရားကိုသိရှိရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဗီယက်နမ်လူမျိုးများ ဘုရားကိုသိရှိရန် ဆုတောင်းချက်များ
၁.ယေရှုခရစ်တော်ကို ကိုယ်တိုင်တွေ့ရှိရန် - ဗီယက်နမ်လူမျိုးများ ခရစ်တော်ကိုရပြီး ခရစ်တော်ထံသို့ နီးကပ်စေရန် ဆုတောင်းပါ။
၂.သန့်ရှင်းသောဝိညာဉ်တော်၏လှုပ်ရှားမှုများ - ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ သွန်းလောင်းခြင်းကိုခံရပြီး စစ်မှန်သော သက်သေခံများဖြစ်စေရန် ဆုတောင်းပါ။
၃.နိမိတ်လက္ခဏာများ - ဘုရားသခင်၏လူများမှတစ်ဆင့် အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများ ဖြစ်ပေါ်ပြီး ဘုရားသခင်၏ဘုန်းတော် နိုင်ငံတစ်ဝန်းလုံးတွင် ထင်ရှားရန် ဆုတောင်းပါ။