Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဩဂုတ်လ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် တက္ကသိုလ် ပရဝုဏ်များအတွင်းရှိ တပည့်တော်ဖြစ် အဖွဲ့အစည်းများအတွက် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
တက္ကသိုလ် ပရဝုဏ်များအတွင်းရှိ တပည့်တော်ဖြစ် အဖွဲ့အစည်းများအတွက် ဆုတောင်းချက်များ
၁.တပည့်တော်ဖြစ်အဖွဲ့အစည်းများ - ဗီယက်နမ်နိုင်ငံရှိ တက္ကသိုလ်ပရဝုဏ်များအတွင်းတွင် တပည့်တော်ဖြစ် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ဆုတောင်းပါ။
၂.ဝိညာဉ်တော်ဦးဆောင်လမ်းပြခြင်း - တက္ကသိုလ်ပရဝုဏ်များရှိ ယုံကြည်သူများသည် ဝိညာဉ်တော်၏ဦးဆောင်လမ်းပြခြင်းအားဖြင့် တပည့်တော်များကို ပြုစုရန် ဆုတောင်းပါ။
၃.စစ်မှန်သောပြောင်းလဲခြင်း - ကျောင်းသား/သူများ၊ မိသားစုများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဗီယက်နမ်တစ်နိုင်ငံလုံးသည် တပည့်တော်ဖြစ်အဖွဲ့အစည်းများအားဖြင့် ပြောင်းလဲစေရန် ဆုတောင်းပါ။