Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဩဂုတ်လ၏ တတိယဆုတောင်းခြင်းအစီအစဉ် ဗီယက်နမ်လူမျိုးများ သာသနာလုပ်ငန်းများဦးဆောင်ရန် ဆုတောင်းချက်များ
ဗီယက်နမ်လူမျိုးများ သာသနာလုပ်ငန်းများဦးဆောင်ရန် ဆုတောင်းချက်များ
၁.ယုံကြည်သူများ ယုံကြည်ခြင်းသာ၍ ကြီးထွားရန်- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူတိုင်းသည် ယုံကြည်ခြင်း၌ သာ၍ကြီးထွားပြီး ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းရှိရန် ဆုတောင်းပါ။
၂.အစပျိုးလုပ်ဆောင်မှုများ - ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် သာသနာလုပ်ငန်းများတွင် ခေါင်းဆောင်အဆင့်အထိတက်လှမ်းနိုင်ပြီး ခြေလှမ်းသစ်များစတင်နိုင်ရန် ဆုတောင်းပါ။
၃.ဧဝံဂေလိ - ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် တက္ကသိုလ်များ၊ ပတ်ဝန်းကျင်များ၊ လက်လှမ်းမမီနိုင်သောနေရာများရှိ ပျောက်ဆုံးနေသောဝိညာဉ်များကို ဧဝံဂေလိဝေဌနိုင်ဖို့ သာ၍ကြိုးစားအားထုတ်ကြရန် ဆုတောင်းပါ။