Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဩဂုတ်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဖြန့်ကျက်ဧဝံဂေလိသာသနာအတွက် ဆုတောင်းချက်များ
ဖြန့်ကျက်ဧဝံဂေလိသာသနာအတွက် ဆုတောင်းချက်များ
၁.ပျောက်ဆုံးဝိညာဉ်များကို ရှာဖွေကယ်တင်ရန်- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် ဘုရားသခင်၏သတင်းကောင်းကို အသင်းတော်ပြင်ပအထိ သယ်ဆောင်သောသူများဖြစ်စေရန် ဆုတောင်းပါ။
၂.ဘာသာရေးနှင့်မသက်ဆိုင်သော နေရာများ- ဗီယက်နမ်နိုင်ငံရှိ ယုံကြည်သူများသည် ခရစ်တော်အကြောင်းကို ဈေးများ၊ စီးပွားရေးနယ်ပယ်များနှင့် လုပ်ငန်းခွင်များတွင် ဝေဌနိုင်ရန် ဆုတောင်းပါ။
၃.အသက်မွေးဝမ်းကြောင်းဆိုင်ရာဆုကျေးဇူးရှိသော သင်းအုပ်များ - ဗီယက်နမ်နိုင်ငံရှိ သင်းအုပ်များသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာဆုကျေးဇူးရှိသော သင်းအုပ်များ ဖြစ်လာစေရန်ဆုတောင်းပါ။- ငွေရှာရန်အတွက်မဟုတ်ပဲ အသင်းတော်ထဲတွင် မရှိနေသည့်လူများအတွက် အစေခံအမှုဆောင်မည့် သင်းအုပ်များကို ဆိုလိုခြင်းဖြစ်သည်။