Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
စက်တင်ဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ရူပါရုံနှင့် အိမ်မက်များအတွက် ဆုတောင်းချက်များ
ရူပါရုံနှင့် အိမ်မက်များအတွက် ဆုတောင်းချက်များ
ခရစ်ယာန်များသည် ရူပါရုံနှင့် အိမ်မက်များရရှိရန်: ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များသည် မယုံကြည်သူတိုင်းနိုင်ငံများတွင် ယေရှု၏သတင်းကောင်းကို ဟောပြောရန် ခွန်အားဖြစ်စေမည့် ရူပါရုံများနှင့် အိပ်မက်များ ရရှိရန် ဆုတောင်းပါ။
ဗုဒ္ဓဘာသာဝင်များသည်ရူပါရုံများနှင့် အိပ်မက်များရရှိရန်: ဗုဒ္ဓဘာသာဝင်များသည် သူတို့အား ကယ်တင်ခြင်းသို့ဆွဲခေါ်နိုင်သည့် ရူပါရုံများနှင့် အိပ်မက်များ ရှိစေရန် ဆုတောင်းပါ။
ရူပါရုံများနှင့်အိပ်မက်များမှဝိညာဉ်အသီးများ: ဘုရားသခင်ပေးသောအိပ်မက်များနှင့် ရူပါရုံများသည် နိုင်ငံတော်တည်ထောင်ခြင်းအတွက် အသီးအပွင့်များဖြစ်စေရန် ဆုတောင်းပါ။