Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
စက်တင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များအကြားကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန်အတွက် ဆုတောင်းချက်များ
ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များအကြားကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန်အတွက် ဆုတောင်းချက်များ
၁။ မယုံကြည်သူတိုင်းနိုင်ငံများရှိဆက်ဆံရေးများ- မယုံကြည်သူတိုင်းနိုင်ငံများတွင် နေထိုင်သော ယုံကြည်သူများသည် ၎င်းတို့၏ အိမ်နီးချင်းများနှင့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု တိုးပွားလာစေရန် ဆုတောင်းပါ။
၂။ မယုံကြည်သူအဝန်းအဝိုင်းအပြင်ဘက်တွင်အံ့ဩဖွယ်တို့ထိမှုများ - ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင် မနေထိုင်သော ယုံကြည်သူများကို သန့်ရှင်းသောဝိညာဉ်တော်က လမ်းညွှန်ပေးရန် ဆုတောင်းပါ။
၃။ ခရစ်ယာန်များသည် မိမိတို့၏ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာဝင်များကို ရှာဖွေရန်- ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်များကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေကာ မိတ်ဖွဲ့ကြရန် ဆုတောင်းပါ။