Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
စက်တင်ဘာလ၏ ပဉ္စမဆုတောင်းခြင်းအစီအစဉ် ဝိညာဉ်အကင်းပါးသော ယုံကြည်သူများဖြစ်ရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဝိညာဉ်အကင်းပါးသော ယုံကြည်သူများဖြစ်ရန် ဆုတောင်းချက်များ
1. စိတ်အားထက်သန်စွာဆုတောင်းရန်အချိန်များ- ကျွန်ုပ်တို့၊ ဘုရားသခင်၏လူများသည် သခင်ဘုရား၏မျက်နှာတော်ကို စိတ်အားထက်သန်စွာရှာရန် အချိန်သတ်မှတ်ကြရန် ဆုတောင်းပါ။
2. ဘုရားသခင်အားစောင့်မျှော်ခြင်း- ခရစ်ယာန်များအနေနှင့် သခင်၏အသံကိုကြားရန် စိတ်ရှည်သည်းခံပြီး ငြိမ်သက်စွာ စောင့်ဆိုင်းကြရန် ဆုတောင်းပါ။
3. ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုခြင်း- နေရာတိုင်းတွင် ယုံကြည်သူများသည် ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုပြီး နာခံနိုင်စေရန် ဆုတောင်းပါ။