Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အောက်တိုဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် လာအိုနိုင်ငံတွင် ဟောပြောလုပ်ဆောင်မည့်သူမြောက်များစွာ ပေါ်ပေါက်လာစေရန် ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်း
လာအိုနိုင်ငံတွင်ဟောပြောလုပ်ဆောင်မည့်သူမြောက်များစွာပေါ်ပေါက်လာစေရန်
ဘုရားသခင်၏အသံတော်ကိုနားထောင်ခြင်း -ကမ္ဘာ့နိုင်ငံတစ်ဝှမ်းလုံးရှိ ယုံကြည်သူများသည် ဘုရားသခင်၏အသံတော်ကို နားထောင်ပြီး လာအိုနိုင်ငံသို့ သွားရောက်ကြရန် ဆုတောင်းပါ။
သွားရောက်ဟောပြောရန်ကတိပြုခြင်း -လာအိုနိုင်ငံသို့သွားရန် ဘုရားသခင်၏အသံကိုကြားသည့် ယုံကြည်သူများသည် “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကိုစေလွှတ်မူပါ” ဟုဝန်ခံကြရန် ဆုတောင်းပါ။
ဘုရားသခင်အားနာခံခြင်း -လာအိုနိုင်ငံတွင် ခရစ်တော်အကြောင်း ဝေဌမည့်သူများသည် သစ္စာရှိစွာ ဘုရားသခင်အားနာခံခြင်းဖြင့် လိုက်လျှောက်အသက်ရှင်ကြရန် ဆုတောင်းပါ။