Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အောက်တိုဘာလ၏ ဒုတိယဆုတောင်းခြင်း အစီအစဉ် လာအိုနိုင်ငံရှိ ဒေသခံယုံကြည်သူများအတွက် ဆုတောင်းချက်များ
လာအိုနိုင်ငံရှိ ဒေသခံယုံကြည်သူများအတွက် ဆုတောင်းချက်များ
ရဲရင့်မှု - လာအိုရှိ ဒေသခံယုံကြည်သူများသည် စစ်မှန်သောခရစ်ယာန်များအဖြစ် အသက်ရှင်နေထိုင်ရန်နှင့် အနီးနားရှိသူများထံ ယေရှု၏သတင်းကောင်းကို ရဲရင့်စွာ ဝေဌကြရန် ဆုတောင်းပါ။
ဉာဏ်ပညာနှင့် ဘေးကင်းရေး - ဒေသခံယုံကြည်သူများသည် မည်သည့်အချိန်၊ မည်သည့်နေရာ၌ ဟောပြောသင့်သည်ကို ပိုင်းခြားသိမြင်နိုင်ပြီး ဘုရားသခင်၏ကာကွယ်ခြင်း သူတို့အပေါ်သက်ရောက်စေရန် ဆုတောင်းပါ။
ဆန်းသစ်သောဟောပြောမှုများ - ဒေသခံယုံကြည်သူများသည် သတင်းကောင်းဟောပြောရန် ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများကို အသုံးပြုကြရန် ဆုတောင်းပါ။