Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အောက်တိုဘာဘ၏ တတိယဆုတောင်းခြင်းအစီအစဉ် လာအိုနိုင်ငံရှိ တပည့်တော်ဖြစ်လုပ်ဆောင်ခြင်းအတွက် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
လာအိုနိုင်ငံရှိ တပည့်တော်ဖြစ်လုပ်ဆောင်ခြင်းအတွက် ဆုတောင်းချက်များ
ကောင်းစွာလေ့ကျင့်ထားသောခေါင်းဆောင်များ - လာအိုနိုင်ငံရှိသင်းအုပ်ဆရာများနှင့် ခေါင်းဆောင်များသည်လိုအပ်သောလေ့ကျင့်မှုများရရှိပြီးခရစ်တော်အတွက်ခိုင်ခံ့သောတပည့်တော်များဖြစ်စေရန် ဆုတောင်းပါ။
တပည့်တော်များမွေးထုတ်ခြင်း - လာအိုနိုင်ငံရှိအသင်းတော်များသည်တပည့်တော်များစွာမွေးထုတ်နိုင်ရန် ဆုတောင်းပါ။
အားပေးမှု - လာအိုနိုင်ငံရှိ ခရစ်တော်၏တပည့်တော်တိုင်းသည် ခရစ်တော်ကိုကိုးကွယ်ပြီး အချင်းချင်းခွန်အားပေးတည်ဆောက်ကြသောယုံကြည်သူများဖြစ်ရန်ဆုတောင်းပါ။