Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အောက်တိုဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် လာအိုနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်သူများအတွက် ဆုတောင်းချက်များ
လာအိုနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်သူများအတွက် ဆုတောင်းချက်များ
ဧဝံဂေလိတရားကိုလျှင်မြန်စွာတုံ့ပြန်ခြင်း - လာအိုနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်သူများအတွက် ယေရှုနောက်တော်လိုက်ဖို့ ဆုံးဖြတ်ရန် ပျမ်းမျှအားဖြင့် ၇ နှစ် ကြာတော့မည်မဟုတ်ကြောင်း ဆုတောင်းပါ။
သဘာဝလွန်ပွင့်လင်းမြင်သာမှုများ - ဧဝံဂေလိတရား၏မျိုးစေ့များသည် ကောင်းသောမြေမှာကျပြီး ကြွယ်ဝသောစိတ်နှလုံးတွင် အမြစ်စွဲကာ ကယ်တင်ခြင်းအသီးကို သီးနိုင်ရန် ဆုတောင်းပါ။
လက်ခံခြင်း - လာအိုနိုင်ငံရှိ ခရစ်တော်၏တပည့်တော်များသည် ၎င်းတို့၏မိသားစုများ မည်ကဲ့သို့ဆက်ဆံခံရမည်ကို မကြောက်ရွံ့ဘဲ နှိပ်စက်ညှဉ်းပန်းမည်ကို မကြောက်ကြရန် ဆုတောင်းပါ။