Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
နိုင်ဝင်ဘာလ၏ ပထမဆုံးဆုတောင်းခြင်းအစီအစဉ် ဘုရားသခင်၏ဘုန်းတော်နှင့် ထိုးဖောက်အောင်မြင်ခြင်းများ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဘုရားသခင်၏ဘုန်းတော်နှင့် ထိုးဖောက်အောင်မြင်ခြင်းများ
ဘုရားသခင်၏ဘုန်းတော်: မြေကြီးတပြင်လုံး၌ ဘုရားသခင်၏ဘုန်းတော်၊ ကယ်တင်ခြင်းနှင့် ပြည့်စုံစေရန် ဆုတောင်းပါ (ဟဗက္ကုတ် ၂:၁၄) ။
ပြောင်းလဲသောလူမျိုးများ: ဗုဒ္ဓဘာသာလူမျိုးများ ယေရှုကို သိကျွမ်းလာရန်အတွက် ဆုတောင်းပါ (ဆာလံ ၂:၈) ။
အမြင်များပွင့်ခြင်း: ဧဝံဂေလိတရားသတင်းကို အထင်မှားခြင်းနှင့် နားလည်မှုလွဲမှားခြင်း ပျက်ပြားသွားစေရန်နှင့် မယုံကြည်သူများ၏ ဝိညာဉ်မျက်စိနှင့် စိတ်နှလုံးများသည် ဧဝံဂေလိတရားကို လက်ခံနိုင်စေရန် ဆုတောင်းပါ။ (၂ ကောရိန္သု ၄:၄-၆) ။