Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
နိုဝင်ဘာလ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် လမ်းဖွင့်ခြင်းများနှင့် နမိတ်လက္ခဏာများအတွက် ဆုတောင်းချက်များ
လမ်းဖွင့်ခြင်းများနှင့် နမိတ်လက္ခဏာများအတွက် ဆုတောင်းချက်များ
ဧဝံဂေလိအခွင့်အလမ်းများ: မယုံကြည်သူတိုင်းနိုင်ငံများရှိ ခက်ခဲသောနေရာများသို့ ဧဝံဂေလိဝင်ရောက်ခွင့်ရရှိရန် ဆုတောင်းပါ။ (ကောလောသဲ ၄:၃-၄)
မျက်နှာသာရခြင်း: ခရစ်ယာန်များအတွက် မျက်နှာသာရခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှု အပြင်းထန်ဆုံးသော နေရာများတွင် ဧဝံဂေလိကြေညာခြင်းအတွက် ဆုတောင်းပါ။ (၁ ကော ၁၆:၉)
နိမိတ်လက္ခဏာများနှင့် အံ့ဘွယ်သောအမှုများ: မယုံကြည်သူတိုင်းနိုင်ငံများတွင် နိမိတ်လက္ခဏာများ၊ အံ့ဘွယ်သောအမှုများ၊ အနာပျောက်စေခြင်း၊ အိမ်မက်ရူပါရုံများရရှိရန် ဆုတောင်းပါ။ (တမန် ၂:၁၇)