Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
နိုဝင်ဘာလ၏ တတိယဆုတောင်းခြင်းအစီအစဉ် ဗုဒ္ဓဘာသာကိုးကွယ်မှုနောက်ခံရှိခဲ့သည် ယုံကြည်သူများနှင့် ဟောပြောသူများအတွက် ဆုတောင်းချက်များ
ဗုဒ္ဓဘာသာကိုးကွယ်မှုနောက်ခံရှိခဲ့သည် ယုံကြည်သူများနှင့် ဟောပြောသူများအတွက် ဆုတောင်းချက်များ
ခံနိုင်ရည်ရှိခြင်းနှင့် ပျော်ရွှင်ခြင်း: ယေရှုနောက်လိုက်ခြင်းကြောင့် မိသားစု၊ စည်းစိမ်ဥစ္စာများနှင့် ဂုဏ်သတင်းများ ဆုံးရှုံးခဲ့ကြသော ဗုဒ္ဓဘာသာနောက်ခံယုံကြည်သူများသည် ခံနိုင်ရည်ရှိ၍ ငြိမ်သက်ပျော်ရွှင်ခြင်းခံစားရရန် ဆုတောင်းပါ (ကော ၁:၁၁) ။
ဆားနှင့်အလင်း: ဗုဒ္ဓဘာသာနောက်ခံရှိသောယုံကြည်သူများသည် အတားအဆီးများနှင့် အတိုက်အခံများကို ကျော်လွှားပြီး ၎င်းတို့၏မိသားစု၊ သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများအတွက် ဆားအလင်းဖြစ်စေရန် ဆုတောင်းပါ။
ဟောပြောလုပ်ဆောင်မည့်သူများ: “စပါးရိတ်သိမ်းရန် လုပ်သားများကို စေလွှတ်ခြင်းငှာ စပါးရှင်အား စိတ်အားထက်သန်စွာ ဆုတောင်းပါ” (မ ၉:၃၈)။ မယုံကြည်သူတိုင်းနိုင်ငံများအတွက် လုပ်သားသစ် ၁၅၀ ရရှိရန်အတွက် ဆုတောင်းပါ။ ဉာဏ်ပညာ၊ ရွှင်လန်းမှုနှင့် ခွန်အားဖြင့် ယေရှု၏သက်သေများအဖြစ် လျှောက်လှမ်းနေသော သာသနာပြုများအတွက် ဆုတောင်းပါ။