Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
နိုဝင်ဘာလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် တည်ကြည်သောအသီးများသီးရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
တည်ကြည်သောအသီးများသီးရန် ဆုတောင်းချက်များ
ခိုင်ခံ့သောအသင်းတော်များ: ထိုတိုင်းနိုင်များရှိ အသင်းတော်များသည် ခရစ်တော်၌ ခိုင်ခံ့မြဲမြံနေစေရန် ဆုတောင်းပါ (ယော ၁၅:၁၆) ။
ပွားများခြင်း: ထိုတိုင်းနိုင်များ၌ အသင်းတော်သည် ခိုင်ခံ့တည်ကြည်ရုံသာမကဘဲ ကြီးပွားတိုးတက်စေရန် ဆုတောင်းပါ (တ ၂:၄၇) ။
ကြားဝင်ဆောင်ရွက်ပေးသူများ: မယုံကြည်သူများကို ဘုရားသခင်ထံပို့ဆောင်ရန် ကြားဝင်လုပ်ဆောင်မည့်သူ၊ ဆုတောင်းသူ အယောက်၅၀,၀၀၀ကျော် ပေါ်ထွက်လာရန် ဆုတောင်းပါ။ (မဿဲ ၂၄:၁၃) ။