Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဒီဇင်ဘာလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုများအတွက် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုများအတွက် ဆုတောင်းချက်များ
ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် - ထိုင်းနိုင်ငံရှိ ကျေးရွာအသင်းတော်လှုပ်ရှားမှုသည် ကျန်ရှိသော ခရစ်ယာန်မရှိသော ကျေးရွာများ ၇၅၀၀၀ ကို ပျံ့နှံ့ရောက်ရှိစေရန် ဆုတောင်းပါ။
နက်နဲစွာ လုပ်ဆောင်ရန် - နက်ရှိုင်းစွာ တပည့်တော်မွေးထုတ်ခြင်းသည် ထိုင်းနိုင်ငံရှိ ကျေးရွာတိုင်းတွင် မွေးဖွားလာစေရန် ဆုတောင်းပါ။
သန်မာစွာ လုပ်ဆောင်ရန် - ထိုင်းနိုင်ငံရှိ တိုင်းဒသများတစ်ခုစီတွင် ခိုင်ခံ့သောခေါင်းဆောင်များ ပေါ်ပေါက်လာစေရန် ဆုတောင်းပါ။ မိခင်အသင်းတော်များသည် အခြားသောတိုင်းဒေသများတွင် အသင်းတော်များမြောက်များစွာ စတင်တည်ထောင်ကြရန် ဆုတောင်းပါ။