Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဒီဇင်ဘာလ၏ တတိယဆုတောင်းခြင်းအစီအစဉ် မယုံကြည်သူတိုင်းနိုင်ငံများအတွက် တံခါးများပွင့်စေရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
မယုံကြည်သူတိုင်းနိုင်ငံများအတွက် တံခါးများပွင့်စေရန် ဆုတောင်းချက်များ
၁။နေရာအသစ်များ - မယုံကြည်သူတိုင်းနိုင်ငံများတွင် ခရစ္စမတ်သတင်းစကားမရရှိသေးသော နေရာများအတွက် ဘုရားသခင်ထံ ဆုတောင်းပါ။
၂။တရားဟောရန်အခွင့်အလမ်းများ - ဤခရစ္စမတ်ရာသီအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော်ဟောပြောနိုင်ရန် တံခါးများဖွင့်ပေးရန် ဆုတောင်းပါ။
၃။ခရစ်တော်နှင့်တွေ့ဆုံခြင်း - ထိုကဲ့သို့တံခါးများဖွင့်ပြီး ဧဝံဂေလိတရားဟောပြောသည့်အခါ ကယ်တင်ရှင်ခရစ်တော်နှင့် နှဖူးတွေ့ဒူးတွေ့ တွေ့ဆုံမှုများ ရရှိရန် ဆုတောင်းပါ။