Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဖေဖော်ဝါရီလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ယုံကြည်သူများ ဘုရားသခင်၏မေတ္တာကိုပြသရန် ဆုတောင်းချက်
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ယုံကြည်သူများ ဘုရားသခင်၏မေတ္တာကိုပြသရန် ဆုတောင်းချက်
လျှံထွက်နေသောမေတ္တာ- ဗုဒ္ဓဘာသာနောက်ခံရှိခဲ့သော ယုံကြည်သူများသည် ထာဝရဘုရားကို နှလုံးသားအကြွင်းမဲ့၊ ဝိညာဉ်အကြွင်းမဲ့၊ စိတ်နှင့် အစွမ်းသတ္တိအကြွင်းမဲ့ဖြစ် ချစ်ရန်နှင့် အိမ်နီးချင်းများကို ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ ချစ်ရန် ဆုတောင်းပါ (မာကု ၁၂:၃၀-၃၁) ။
အဂါပေမေတ္တာ- ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်ရှိစဉ်တွင်ပင် ချစ်ပြီး ကျွန်ုပ်တို့အတွက် အသေခံတော်မူသကဲ့သို့ ဗုဒ္ဓဘာသာနောက်ခံရှိ ယုံကြည်သူများသည် မတူညီသောယုံကြည်ချက်ရှိသူများကို ချစ်ရန် ဆုတောင်းပါ (ရောမ ၅:၈) ။
စွန့်လွှတ်အနစ်နာခံမေတ္တာ- ဗုဒ္ဓဘာသာဝင်များသည် ဘုရားသခင်၏မေတ္တာတော်ကို ခံစားနိုင်စေရန် ယုံကြည်သူများသည် ပေးဆပ်အနစ်နာခံ သောအသက်တာဖြင့် အသက်ရှင်ရန် ဆုတောင်းပါ (ယောဟန် ၁၅:၁၃) ။