Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဖေဖော်ဝါရီလ၏ တတိယဆုတောင်းခြင်းအစီအစဉ် စည်းလုံးခြင်းအတွက်ဆုတောင်းချက်များ
စည်းလုံးခြင်းအတွက်ဆုတောင်းချက်များ
ဘာသာရေးနောက်ခံအမျိုးမျိုးကြားမှစည်းလုံးညီညွတ်မှု- ခမည်းတော်နှင့်သားတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာနောက်ခံယုံကြည်သူများသည် တစ်လုံးတစ်ဝတည်းဖြစ်လာစေရန် ဆုတောင်းပါ (ယောဟန် ၁၇:၂၁) ။
ပူးပေါင်းဆောင်ရွက်မှုထဲမှစည်းလုံးညီညွတ်မှု- ယုံကြည်သူများသည် မတူညီမှုများရှိနေသော်လည်း ဗုဒ္ဓဘာသာဝင်များနှင့် အပြန်အလှန်ဆက်ဆံရာတွင် စည်းလုံးညီညွတ်မှုရှိစေရန် ဆုတောင်းပါ (ဧဖက် ၄:၂) ။
အပြန်အလှန်ထောက်ပံ့မှုထဲမှစည်းလုံးညီညွတ်မှု- ယုံကြည်သူများသည် အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်နိုင်စေရန် ဆုတောင်းပါ (ဂလာတိ ၆:၂) ။