Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
မတ်လ၏ ပထမဆုတောင်းခြင်း အစီအစဉ် ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်းများ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်းများအတွက် ဆုတောင်းချက်များ
ဆက်လက်နေထိုင်ရန်ဆုံးဖြတ်ချက်: မယုံကြည်သူတိုင်းနိုင်ငံများရှိ အသင်းတော်စတင်တည်ထောင်သည့် ခရစ်ယာန်များသည် နှောင့်ယှက်ညှင်းဆဲခြင်းများကြုံရသော်လည်း ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ချက်ချရန် ဆုတောင်းပါ။ (မဿဲ ၅:၁၀)
ခွန်အားနှင့်သတ္တိ: ယုံကြည်သူအသစ်များသည် ဆန့်ကျင်မှုများကြုံတွေ့ရသော်လည်း ခွန်အား သတ္တိနှင့်ပြည့်ဝရည် ဆုတောင်းပါ။ (ယောရှု ၁:၉)
ညှင်းဆဲနှိပ်ဆက်သူများအပေါ်မေတ္တာ: ညှင်းဆဲနှိပ်စက်မှုခံစားနေရသည့် ယုံကြည်သူများသည် သူတို့၏ရန်သူများကို မေတ္တာဖြင့် ဆုတောင်းပေးကြရန် ဆုတောင်းပါ။(မဿဲ ၅:၄၄)