Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

မေလ၏ ပထမဆုတောင်းခြင်းအစီအစဉ် နှလုံးသားပြင်းပြစွာ ဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ

Change The Map - Myanmar

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 3:59

နှလုံးသားပြင်းပြစွာဆုတောင်းခြင်းအတွက်ဆုတောင်းချက်များ


၁။ဝန်တင်ခြင်း- သင်းအုပ်ဆရာများနှင့် ဘုရားကျောင်းများသည် တိုင်းနိုင်ငံရှိ ပျောက်ဆုံးနေသူများနှင့် ကျိုးပဲ့နေသူများအတွက် စစ်မှန်သော ဝန်တာထားတတ်စေရန် ဆုတောင်းပါ (ရောမ ၉:၂)။

၂။စည်းလုံးညီညွတ်မှု- အသင်းတော်များသည် တိုင်းနိုင်ငံပြောင်းလဲမှုအတွက် စိတ်နှလုံးသားတစ်ညီတစ်ညွတ်တည်း ဘုရားသခင်ကို ရှာဖွေကာ စည်းလုံးညီညွတ်စွာ စုစည်းလာစေရန် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၁:၁၄)။

၃။လူနေမှုပုံစံ- သင်းအုပ်ဆရာများနှင့် ဓမ္မအမှုတော်ဆောင်များသည် ဆုတောင်းခြင်းတွင် အခြေခံထားသော ဘဝနေထိုင်မှုစံပြအဖြစ် အသက်ရှင်ပြီး အခြားသူများကိုလည်း လွှမ်းမိုးနိုင်စေရန် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၆:၄)။