Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
နက်ရှိုင်းသောသောဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
နက်ရှိုင်းသောသောဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ
၁။မျက်မှောက်တော်ထဲသို့ဝင်ရောက်ခြင်း (ပရိသတ်စည်းဝေးရာဌာန)- ဗုဒ္ဓဘာသာကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်သူများသည် ကျေးဇူးတော်ချီးမွမ်းခြင်းများ နေ့စဥ်လုပ်ဆောင်ကြပြီး စစ်မှန်သောဝတ်ပြုကိုးကွယ်မှုသို့ ကူးပြောင်းပါရန် ဆုတောင်းပါ (ဆာလံ ၁၀၀:၄)။
၂။သန့်ရှင်းခြင်းနှင့်နှုတ်ကပတ်တော် (သန့်ရှင်းရာဌာန)- ခရစ်ယာန်များသည် ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ဝန်ခံခြင်းနှင့် နေ့စဉ်အချိန်ယူခြင်းဖြင့် နေ့စဉ်အသက်တာ အသက်ရှင်ရန်၊ သူတို့သည် သန့်ရှင်းပြီး ကိုယ်တော်ခေါ်တော်မူသည့် ခေါ်ခြင်းအတွက် အသင့်ဖြစ်နေကြရန် ဆုတောင်းပါ (ဆာလံ ၅၁:၁၀၊ ဆာလံ ၁၁၉:၁၀၅)။
၃။သန့်ရှင်းသောဘုရား၌တောင်းလျှောက်ခြင်း- ဘုရားသခင်၏လူတို့ကြားတွင် ကြားဝင်အသနားခံတတ်သောစိတ်နှလုံးသားရှိ လာစေရန်နှင့် ယေရှုကို မသိသေးသော သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့လိုအပ်ချက်များကို ကျော်လွန်ပြီး ကြားဝင်ရပ်တည်နိုင်စေရန် ဆုတောင်းပါ (ယေဇကျေလ ၁၁:၃၀၊ ၁ တိ ၂:၁)။