Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

သန့်ရှင်းသောဝိညာဉ်တော်၏ အလေ့အလာကို နားလည်ရန် ဆုတောင်းချက်များ

Change The Map - Myanmar

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 3:48

သန့်ရှင်းသောဝိညာဉ်တော်၏ အလေ့အလာကို နားလည်ရန် ဆုတောင်းချက်များ

၁။ဝိညာဉ်တော်၏အသံကိုကြားတတ်ခြင်း-
မယုံကြည်သူတိုင်းနိုင်ငံရှိ ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို ယုံကြည်၍ နားထောင်တတ်သောနှလုံးသားရှိရန် ဆုတောင်းပါ (ယော ၁၆း၁၃)။

၂။ခြေလှမ်းတိုင်း၌ငြိမ်သက်ခြင်း- မယုံကြည်သူတိုင်းနိုင်ငံရှိ ဟောပြောလုပ်ဆောင်နေသူများသည် ကိုယ်တော်ကတိပေးထားသည့် နက်ရှိုင်းသိမ်မွေ့သော ငြိမ်းသက်ခြင်းကို သိရှိခံစားနိုင်စေရန် ဆုတောင်းပါ (ဟေရှာယ ၂၆း၃)။

၃။ဝိညာဉ်တော်ပြည့်ဝသောသက်သေ- ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဧဝံဂေလိတရားကိုဝေမျှကြရန် ဆုတောင်းပါ (တမန် ၁း၈)။