Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
ဘုရားသခင်သည် သာမန်လူများကို အသုံးပြုရန် ဆုတောင်းခြင်း
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုရန်ဆုတောင်းခြင်း
၁။ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုသည်- ဘုရားသခင်သည် ဗုဒ္ဓဘာသာလောကရှိ သာမန်ယုံကြည်သူများကို သတင်းကောင်းဝေငှရန်နှင့် တပည့်တော်မွေးထုတ်သူများဖြစ်စေရန် ဆုတောင်းပါ၊ ကိုယ်တော်၏တန်ခိုးသည် လူ့အစွမ်းအစ သို့မဟုတ် အဆင့်အတန်းဖြင့် ကန့်သတ်မထားကြောင်း ပြသရန် ဆုတောင်းပါ။ (၁ ကောရိန္သု ၁:၂၆–၃၁)
၂။ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှုတော်ထမ်းဆောင်ရန်အတွက်ယုံကြည်မှုရှိစေပြီးအရည်အချင်းပြည့်မီစေသည်- ယုံကြည်သူများသည် အရည်အချင်းမပြည့်မီဟု ခံစားရသည့်အခါ ဘုရားသခင်အား သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ပြီး လိုအပ်သမျှကို ဘုရားသခင်ကို ပေးနိုင်ကြောင်း ယုံကြည်ကြရန် ဆုတောင်းပါ။ (၂ ကောရိန္သု ၃:၄–၆)
၃။လူများအံ့အားသင့်ကြမည်- ဘုရားသခင်သည် လူတို့အား သူ့တန်ခိုးတော်ကို မြင်တွေ့စေပြီး ယေရှုခရစ်တော်ကို သတိပြုမိစေမည့် နည်းလမ်းများအားဖြင့် သာမန်ယုံကြည်သူများကို အသုံးပြုပြီး လုပ်ဆောင်တော်မူမည်အကြောင်း ဆုတောင်းပါ။ (တမန်တော်ဝတ္ထု ၄:၁၃)