Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။
ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။
ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
မယုံကြည်သူများထံ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းကို ပြသရန် ဆုတောင်းချက်များ
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
မယုံကြည်သူများထံဘုရားသခင်သည်သူ၏ဖြစ်ခြင်းကိုပြသရန်ဆုတောင်းချက်များ
၁။ရှာဖွေသူများ- အမှန်တရားကို ရှာဖွေနေကြသော ဗုဒ္ဓဘာသာလောကရှိ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရှာဖွေကာ ကိုယ်တော်သည် အမှန်တကယ် သူတို့အနီးတွင်ရှိကြောင်းကို သိရှိနိုင်ရန် ဆုတောင်းပါ။ (ဟေဗြဲ ၁၁:၆)
၂။သံသယများ- ဘုရားသခင်သည် သံသယများနှင့် မေးခွန်းများရှိနေသူများကို တွေ့ပြီး ဘုရားသခင်အား ရိုးသားစွာရှာဖွေရန်နှင့် ယေရှုနှင့်ပတ်သက်သော အမှန်တရားကို သိမြင်ရန် ယုံကြည်ခြင်းကိုပေးရန် ဆုတောင်းပါ။ (မာကု ၉:၂၄)၊
၃။မသေချာခြင်း- ယေရှုအကြောင်း သေချာစွာမသိသောသူများသည် ခရစ်တော်၏သွန်သင်ချက်များကိုကြားနာရန်၊ နှုတ်ကပတ်တော်များကို ဆန်းစစ်ကာ၊ ခရစ်တော်၏သတင်းကောင်းသည် ဘုရားသခင်ထံမှ အမှန်တကယ်ဖြစ်ကြောင်း သိရှိနိုင်စေရန် ဆုတောင်းပါ။ (ယောဟန် ၇:၁၆-၁၈)